Gemini 2.5 nano banana ထွက်လာကတည်းက သူ့ကိုစမ်းသုံးကြည့်တဲ့သူတိုင်းက Photoshop တောင်မလိုတော့ဘူးလို့ ပြောနေကြပါပြီ။ Background ဖျက်တာ၊ portrait ပုံတွေပြင်တာတွေက အလွယ်လေးဖြစ်သွားပြီး၊ ပုံနှစ်ပုံကို ပေါင်းတာ၊ ပုံထဲက ပစ္စည်းတွေအရောင်ပြောင်းတာ၊ အဝတ်အစားတွေပြောင်းဝတ်ပေးတာတွေကိုပါ လုံးဝသဘာဝကျကျ လုပ်ဆောင်နိုင်တာက တကယ်ကိုအံ့သြဖို့ကောင်းပါတယ်။
အထူးသဖြင့် AI action figure တွေဖန်တီးတဲ့အခါမှာတော့ ထင်ထားတာထက် အများကြီးပိုပြီး လက်တွေ့ကျကျ၊ သက်ဝင်လှုပ်ရှားနေသလို ထွက်လာတာကို တွေ့ရပါတယ်။ ပြုလုပ်နည်း အဆင့်ဆင့်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
ပြုလုပ်နည်း အဆင့်ဆင့်
၂။ သင့်ရဲ့ပုံကို upload တင်ပါ ဖြစ်နိုင်ရင် နောက်ခံရှင်းရှင်းနဲ့ ကိုယ်လုံးပေါ်ပုံဆို ပိုကောင်းပါတယ်။
၃။ Prompt တွေကို ထည့်ပါ အောက်မှာ ကျွန်တော်သုံးခဲ့တဲ့ prompt နမူနာကို ပေးထားပါတယ်၊ စမ်းသုံးကြည့်ဖို့ ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက်ပြန်ပြင်သုံးဖို့အတွက် အစပြုမှတ်အနေနဲ့ သုံးနိုင်ပါတယ်။
Prompt နမူနာ (ဒီမြန်မာလိုအတိုင်း ကူးရေးလို့ ရပါတယ်)
nano-banana model ကိုသုံးပြီး၊ ပုံထဲကဇာတ်ကောင်ကို 1/7 scale commercial figurine အဖြစ်၊ realistic style နဲ့ တကယ့်ပတ်ဝန်းကျင်မှာရှိနေသလို ဆွဲပေးပါ။ တကိုယ်လုံးပုံကို ဖြည့်စွက်ပေးပါ။ figurine ကို ကွန်ပျူတာစားပွဲပေါ်မှာ စာမပါတဲ့ အကြည်ရောင် acrylic ခံခုံအဝိုင်းနဲ့ တင်ထားပေးပါ။ ကွန်ပျူတာ screen မှာက ဒီ figurine ကို brush နဲ့ ပုံဖော်နေတဲ့ process ကို ပြထားပြီး၊ ကွန်ပျူတာဘေးမှာတော့ မူရင်းပုံပါတဲ့ BANDAI-style အရုပ်ဘူးခွံတစ်ခု ထားပေးပါ။
၄။ ပြီးရင်တော့ ပုံထွက်လာတဲ့အထိ ခဏစောင့်လိုက်ရုံပါပဲ။